back

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၉၃၂ ဦး သေဆုံးခဲ့

Jul 28 • 9:05 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၉၃၂ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၆၈၆ မှု ဖြစ်ပွားခဲ့ပြီး လူ ၉၃၂ ဦး သေဆုံးကာ ၂,၃၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်...

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၆၈၆ မှု ဖြစ်ပွားခဲ့ပြီး လူ ၉၃၂ ဦး သေဆုံးကာ ၂,၃၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) က ထုတ်ပြန်ခဲ့သည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက မတော်တဆမှု ဖြစ်ပွားသည့် အရေအတွက်နှင့် ဒဏ်ရာရရှိသူ လျော့နည်းသွားသော်လည်း သေဆုံးသူ အရေအတွက်မှာ ၄.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ ဒေသအလိုက် သေဆုံးမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၉၁ ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှ ၁၂၈ ဦးနှင့် ပဲခူးတိုင်းမှ ၁၂၂ ဦးဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။

news-view-count-icon

32