menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

တာချီလိတ်၌ လုံခြုံရေး တိုးမြှင့်ထားသော်လည်း ဆိုင်ကယ်ခိုးယူမှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်

Jul 28 • 8:48 AM

breaking-news

မြန်မာ

ရှမ်း

မျှဝေမည်

share-news
cover

တာချီလိတ်၌ လုံခြုံရေး တိုးမြှင့်ထားသော်လည်း ဆိုင်ကယ်ခိုးယူမှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်လှည့်ကင်းများ အင်အားသုံး ဆောင်ရွက်နေသော်လည်း ဆိုင်ကယ်ခိုးယူမှုများ ဆက်လက်ဖြစ်ပွား...

cover-photo

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်လှည့်ကင်းများ အင်အားသုံး ဆောင်ရွက်နေသော်လည်း ဆိုင်ကယ်ခိုးယူမှုများ ဆက်လက်ဖြစ်ပွားနေ၍ ဒေသခံများ၏ ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ဇူလိုင် ၂၆ ရက် ညပိုင်းက ဆန်ဆိုင်း (က) ရပ်ကွက်၌ လိုင်စင်ပါ ဆိုင်ကယ်တစ်စီးကို လူ ၄ ဦးက ခိုးယူသွားသည့် CCTV မှတ်တမ်းများ ထွက်ပေါ်လာခဲ့ပြီး ယင်းရပ်ကွက်၌ပင် ဇူလိုင် ၂၂ ရက်ကလည်း ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရသည်။ ဒေသခံများက မိန်းလမ်းမကြီးများပေါ်တွင်သာ ဟန်ပြလှည့်ကင်း မဟုတ်ဘဲ ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြားများအထိ ထိရောက်သည့် ကင်းပုန်းဝပ် ဖမ်းဆီးမှုများ ဆောင်ရွက်ပေးရန် လိုလားနေကြသည်။ တာချီလိတ်တွင် ဇူလိုင် ၈ ရက်က ဆိုင်ကယ်သူခိုးနှင့် လက်ခံသူ ၄ ဦးကို ဆိုင်ကယ် ၁၄ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း ဆိုင်ကယ်ခိုးယူမှုများ သောင်းကျန်းနေဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

17

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်

ရှမ်းပြည်တောင်ပိုင်း၊မိုင်းပွန်တံတားဂိတ်တွင် ကျောက်မီးသွေးကားပေါ်မှ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိ

cover-photo
right-arrow-icon