back

ရတနာပုံအသင်း (၃) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဂျပန်နောက်ခံလူ အကီတိုဆိုင်တိုကို ခေါ်ယူ

Jul 28 • 2:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရတနာပုံအသင်း (၃) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဂျပန်နောက်ခံလူ အကီတိုဆိုင်တိုကို ခေါ်ယူ

မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံအသင်းသည် လာမည့်ရာသီအတွက် (၃) ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် (၂၆) နှစ်အရွယ် ဂျပန်နောက်ခံလူ အကီတိုဆိုင်တိုကို ခေါ်ယူလိုက်သည်။အကီ...

မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံအသင်းသည် လာမည့်ရာသီအတွက် (၃) ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် (၂၆) နှစ်အရွယ် ဂျပန်နောက်ခံလူ အကီတိုဆိုင်တိုကို ခေါ်ယူလိုက်သည်။အကီတိုသည် ဂျပန်၊ အာမေးနီးယား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်း စသည့် နိုင်ငံအများအပြား၏ ကလပ်အသင်းများတွင် ကစားခဲ့ဖူးသည့်အပြင် AFC Champions League နှင့် AFC Champions League Two ပြိုင်ပွဲများတွင်လည်း ပါဝင်ကစားခဲ့သူ ဖြစ်သည်။ ရတနာပုံအသင်းသည် ယင်းမတိုင်မီက ဂါနာနောက်ခံလူ ဖော်စတာနှင့် ဂီနီတိုက်စစ်မှူး တိုရေးတို့ အပါအဝင် ပြည်တွင်းကစားသမားသစ် ၁၃ ဦးအထိ ခေါ်ယူအားဖြည့်ထားပြီး ဖြစ်သည်။

news-view-count-icon

22