ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေများသို့ ဦးတည်ရွေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်အကွာတွင် ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ တိုက်ရိုက် ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေသို့ ဦးတည်နေပြီး မြန်မာနိုင်ငံသို့ တိုက်ရိုက် သက်ရောက်နိုင်ခြေ မရှိသေး
Jul 27 • 1:26 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


