back

ကရင်ပြည်နယ်၊ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုပြုလုပ်သည့် တရားမဝင် အဆောက်အအုံများ ဖျက်ဆီးပြီးစီး

Jul 27 • 9:34 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုပြုလုပ်သည့် တရားမဝင် အဆောက်အအုံများ ဖျက်ဆီးပြီးစီး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံများနှင့် လုပ်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံများနှင့် လုပ်ငန်းသုံးပစ္စည်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အပြီးတိုင် ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ် အဆောက်အအုံ ၁ လုံးကို ဇူလိုင် ၂၆ ရက်တွင် ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချခဲ့ပြီးနောက် တရားမဝင် အဆောက်အအုံများအားလုံးကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

11