ကျောင်းသား၊ ကျောင်းသူများ Mobile Phone နှင့် Online Platform များကို လုံခြုံစိတ်ချစွာ အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ်ကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍ Digital Safety အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည်
Jul 26 • 9:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


