back

အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပေါင်မြို့နယ်၌ ပျိုးပင် ၁,၂၀၀ ကျော် စိုက်ပျိုးမည်

Jul 25 • 9:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပေါင်မြို့နယ်၌ ပျိုးပင် ၁,၂၀၀ ကျော် စိုက်ပျိုးမည်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ် ပင်လယ်ကမ်းခြေ၌ ဇူလိုင် ၂၆ ရက်တွင် ကျရောက်မည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ...

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ် ပင်လယ်ကမ်းခြေ၌ ဇူလိုင် ၂၆ ရက်တွင် ကျရောက်မည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပမည် ဖြစ်သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သမဲ့ ၉၁၀ ပင်နှင့် ဗြူရွှေဝါ ၃၀၀ ပင်၊ စုစုပေါင်း ပျိုးပင် ၁,၂၁၀ ပင်ကို နံနက် ၈ နာရီ၌ စိုက်ပျိုးသွားမည်ဖြစ်သည်။ ပေါင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှု လျှော့ချရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများအပြင် ကျေးရွာများနှင့် ကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် Talk Show များကိုလည်း ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

news-view-count-icon

38