back

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂ သန်းကျော် ထုတ်ရောင်း

Jul 24 • 12:23 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂ သန်းကျော် ထုတ်ရောင်း

မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ (၂.၇၂ သန်းကျော်) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထ...

မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ (၂.၇၂ သန်းကျော်) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၁၇,၄၅၀ ကို CMP ကုမ္ပဏီများထံသို့လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအရ စားသုံးဆီနှင့် စက်သုံးဆီကဏ္ဍတို့မှ ၂၆ ရာခိုင်နှုန်းစီဖြင့် အများဆုံး ပါဝင်ခဲ့ပြီး Non Trade နှင့် အခြားကုန်ပစ္စည်းများ၊ ကား/ဆိုင်ကယ် အပိုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ တိရစ္ဆာန်အစာနှင့် အခြားကဏ္ဍ အသီးသီးမှလည်း နိုင်ငံခြားငွေများ ဝယ်ယူရရှိခဲ့ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

28