back

ရန်ကုန်၌ ရုံးဆင်း/ရုံးတက်ချိန် YBS စီးနင်းသူ အဆမတန် များပြားလာသဖြင့် ခရီးသည်အချင်းချင်း သည်းခံစိတ် နည်းပါးလာ

Jul 22 • 2:51 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ ရုံးဆင်း/ရုံးတက်ချိန် YBS စီးနင်းသူ အဆမတန် များပြားလာသဖြင့် ခရီးသည်အချင်းချင်း သည်းခံစိတ် နည်းပါးလာ

ရန်ကုန်မြို့ပြ အများပြည်သူ သွားလာရေးစနစ် (YBS) ယာဉ်လိုင်းများတွင် နေ့စဉ် ရုံးတက်/ရုံးဆင်းချိန်များ၌ ခရီးသည် အလွန်အကျွံ တိုးကြိတ်စီးနင်းနေရသဖြင့် စိတ်မရှည်ဘဲ ခရီ...

ရန်ကုန်မြို့ပြ အများပြည်သူ သွားလာရေးစနစ် (YBS) ယာဉ်လိုင်းများတွင် နေ့စဉ် ရုံးတက်/ရုံးဆင်းချိန်များ၌ ခရီးသည် အလွန်အကျွံ တိုးကြိတ်စီးနင်းနေရသဖြင့် စိတ်မရှည်ဘဲ ခရီးသည်အချင်းချင်း အချေအတင်ဖြစ်ပွားမှုနှင့် ရန်ပွဲများ ပိုမိုများပြားလာကြောင်း သိရသည်။ YBS ယာဉ်လိုင်းအချို့တွင် ကားအစီးရေ လုံလောက်မှုမရှိခြင်းနှင့် မှတ်တိုင်များ၌ ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတို့ကြောင့် ကားတစ်စီးရောက်လာပါက အလုအယက် တိုးကြိတ်စီးနင်းကြရပြီး၊ ကြပ်ညပ်ပူပြင်းသည့် ကားအတွင်းခန်း ပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးမှု မြင့်မားကာ သာမန် ပွတ်တိုက်မိရုံဖြင့် စကားများ ထိုးကြိတ်သည်အထိ ဖြစ်ပွားလျက်ရှိသည်။ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်မြို့လယ် မှတ်တိုင်တစ်ခု၌ YBS ယာဉ်ပေါ်သို့ အတင်းတိုးတက်ရာမှ ခရီးသည် နှစ်ဦး စကားများကာ လက်ပါသည်အထိ ရန်ပွဲဖြစ်ပွားခဲ့သည်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTC) အနေဖြင့် YBS ယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲနိုင်ရေး၊ ကားအစီးရေ တိုးမြှင့်ပေးရေးနှင့် ခရီးသည်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများ အမြန်ဆုံး ဆောင်ရွက်ပေးရန် ခရီးသည်များက လိုလားလျက်ရှိကြသည်။

news-view-count-icon

26