back

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ရှမ်းယူနိုက်တက်အသင်း ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

Jul 21 • 9:38 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ရှမ်းယူနိုက်တက်အသင်း ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ Myanmar Women's League 2026-27 ပြိုင်ပွဲ၏ အပတ်စဉ် (၆) နှင့် (၇) အိမ်ကွင်းပွဲစဉ်များကို ရှမ်းယူနိုက်တက် အမျိ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ Myanmar Women's League 2026-27 ပြိုင်ပွဲ၏ အပတ်စဉ် (၆) နှင့် (၇) အိမ်ကွင်းပွဲစဉ်များကို ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းက ပထမဆုံးအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဇူလိုင် ၂၂ ရက်တွင် ဇွဲကပင်ယူနိုက်တက်အသင်း၊ ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းတို့နှင့် အိမ်ကွင်းပွဲစဉ်များ ယှဉ်ပြိုင်သွားမည်ဖြစ်ရာ မြန်မာအမျိုးသမီးလိဂ်တွင် ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ပြီးနောက် အိမ်ကွင်းပွဲစဉ် လက်ခံကျင်းပသည့် တတိယမြောက် အသင်း ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် အပတ်စဉ် (၇) ပွဲစဉ်ဖြစ်သည့် I.S.P.E နှင့် ရန်ကုန်စီးတီးတို့၏ ပွဲစဉ်ကိုလည်း ဇူလိုင် ၂၉ ရက်သို့ ပြောင်းလဲ၍ ပဒုမ္မာကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17