မန္တလေးအဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကြီးမှူး၍ Diploma in English Course (Basic Level-I) သင်တန်းကို လာမည့် ဩဂုတ် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ ၃ လကြာမြင့်မည်ဖြစ်ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ သင်တန်းသား ဦးရေ ၁၀၀ သာ လက်ခံမည်ဖြစ်ပြီး လျှောက်လွှာများကို ဇူလိုင် ၂၀ ရက်မှ ၃၁ ရက်အထိ မန္တလေးအဝေးသင်တက္ကသိုလ် အောင်ပင်လယ်ဆောင်ရှိ အင်္ဂလိပ်စာဌာနတွင် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မူရင်း၊ မှတ်ပုံတင် မူရင်းတို့နှင့်အတူ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
မန္တလေးအဝေးသင်တက္ကသိုလ်၌ Diploma in English (Basic Level-I) သင်တန်းကို ဩဂုတ် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်
Jul 20 • 10:41 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 42 | 0 | 0 | 0 |


