Jurassic Park ရုပ်ရှင်ဇာတ်ကားတွင် ကမ္ဘာကျော် ဒေါက်တာအေလန်ဂရန့်အဖြစ် သရုပ်ဆောင်ခဲ့သည့် နူးဇီလန်နိုင်ငံသား ဝါရင့်သရုပ်ဆောင် ဆမ်နီးလ် (Sam Neill) သည် အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏မိသားစုက ဇူလိုင် ၁၃ ရက် (တနင်္လာနေ့) တွင် တရားဝင်ထုတ်ပြန်အတည်ပြုခဲ့သည်။ သရုပ်ဆောင် ဆမ်နီးလ်သည် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့ရှိ ၎င်း၏မိသားစုဝင်များဘေးတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး၊ ယခုဆုံးရှုံးမှုသည် ရုတ်တရက်နှင့် မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ ကင်ဆာရောဂါမှာ လုံးဝကင်းစင်နေသည့်အခြေအနေတွင် ဂုဏ်သိက္ခာရှိရှိနှင့် အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစု၏ ကြေညာချက်အရ သိရသည်။
Jul 14 • 8:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


