back

ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်တွင် ဆိုက်ကားနင်းသူတစ်ဦး ဆိုက်ကားပေါ်၌ ရုတ်တရက် လဲကျသေဆုံး

Jul 13 • 3:39 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်တွင် ဆိုက်ကားနင်းသူတစ်ဦး ဆိုက်ကားပေါ်၌ ရုတ်တရက် လဲကျသေဆုံး

ရန်ကုန်မြို့၊ ကမ်းနားလမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်တွင် ဇူလိုင်လ ၁၂ ရက် နံနက်အစောပိုင်းက ဆိုက်ကားနင်းသူတစ်ဦး ဆိုက်ကားနင်းနေစဉ် ဆိုက်ကားပေါ်၌ ရုတ်တရက် လဲကျသေဆု...

ရန်ကုန်မြို့၊ ကမ်းနားလမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်တွင် ဇူလိုင်လ ၁၂ ရက် နံနက်အစောပိုင်းက ဆိုက်ကားနင်းသူတစ်ဦး ဆိုက်ကားနင်းနေစဉ် ဆိုက်ကားပေါ်၌ ရုတ်တရက် လဲကျသေဆုံးသွားခဲ့ကြောင်း ကိုပူတူးနှင့် ဘော်ဒါများအဖွဲ့ထံမှ သိရသည်။အဆိုပါ ရုတ်တရက်သေဆုံးသွားသည့် ဆိုက်ကားဆရာကြီး၏ ရုပ်အလောင်းအား "ကိုပူတူးနှင့် ဘော်ဒါများအဖွဲ့" မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (YGH) ရေခဲတိုက်သို့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့သည်။ အခြေခံလူတန်းစားများအနေဖြင့် နေ့စဉ်ဝမ်းရေးအတွက် ရုန်းကန်နေရပြီး နေထိုင်မကောင်းဖြစ်ချိန်တွင် ဆေးကုသစရိတ် ကြီးမြင့်မှုကြောင့် ထိရောက်စွာ ဆေးကုသမှုမခံယူနိုင်ဘဲ ယခုကဲ့သို့ အလုပ်လုပ်ရင်း ရုတ်တရက် သေဆုံးရသည့် ဖြစ်စဉ်များအပေါ် ပြည်သူများက လူမှုကွန်ရက်တွင် စိတ်မကောင်းစွာဖြင့် ထောက်ပြပြောဆိုနေကြကြောင်း သိရသည်။

news-view-count-icon

29