လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်နှင့် Smart Meter စနစ်တို့ကို ပြောင်းလဲအကောင်အထည်ဖော်လျက်ရှိရာ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းလမ်းဖြင့် တရားမဝင် ရယူသုံးစွဲထားသူများအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ သတင်းပို့ပါက ဖြေလျှော့ပေးသွားမည်ဖြစ်သည်။ အဆိုပါ သတ်မှတ်ရက် ကျော်လွန်ပြီးမှ Digital စနစ်ဖြင့် စစ်ဆေးတွေ့ရှိရပါက ပြဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းများအထိ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ဓာတ်အားသုံးစွဲထားသူများအနေဖြင့် နေပြည်တော်၊ ရန်ကုန် (YESC)၊ မန္တလေး (MESC) နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ထုတ်ပြန်ထားသည့် ဌာနဆိုင်ရာ Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပို့ကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
Control Centre များမှ စောင့်ကြည့်စစ်ဆေးနေသဖြင့် လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲထားပါက ဇူလိုင် ၃၁ ရက် နောက်ဆုံးထား သတင်းပို့လျှင် ဖြေလျှော့ပေးမည်ဖြစ်
Jul 13 • 2:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


