back

နေပြည်တော်၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဇူလိုင် ၁၅ ရက်တွင် ကျင်းပမည်

Jul 12 • 9:15 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဇူလိုင် ၁၅ ရက်တွင် ကျင်းပမည်

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကဏ္ဍတွင် ဆိုလာဓာတ်အားစနစ် ပိုမိုတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်၍ "နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြ...

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကဏ္ဍတွင် ဆိုလာဓာတ်အားစနစ် ပိုမိုတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်၍ "နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းအလုပ်ရုံဆွေးနွေးပွဲ" ကို လာမည့် ဇူလိုင် ၁၅ ရက်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Horizon Lake View Resort ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဆိုလာနှင့် ဘက်ထရီနည်းပညာဆိုင်ရာ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ဆွေးနွေးနိုင်ပြီး၊ တက်ရောက်လိုသူများအနေဖြင့် QR Code မှတစ်ဆင့်ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသန့်ထွန်း (ဖုန်း - ၀၉ ၄၃၀၁၆၆၉၀၊ ၀၆၇ ၃၄၁၀၄၇၁) ထံသို့ဖြစ်စေ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

news-view-count-icon

20