နိုင်ငံတော်က စားအုန်းဆီတစ်ပိဿာလျှင် ၇,၀၀၀ ကျပ်မှ ၉,၀၀၀ ကျပ်ကြား သတ်မှတ်ရည်ညွှန်းဈေးဖြင့် တစ်လလျှင် တန်ချိန် ၅ သောင်းကျော် ဆက်တိုက်တင်သွင်း ဖြန့်ဖြူးပေးနေသော်လည်း ဝိသမလောဘသားများကြောင့် ပြည်သူများ လက်ဝယ်တွင် ၁၈,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်ကြား ဈေးအမြင့်ဖြင့် ဝယ်ယူနေရသဖြင့် ပြည်သူများ မနစ်နာစေရန် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားသည်။ လက်ရှိတွင် ပြည်သူများ စားသုံးဆီမပြတ်လပ်စေရန် နိုင်ငံခြားငွေအခြေအနေကို ချင့်ချိန်တင်သွင်းပေးနေပြီး၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်ရှိသူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားရှိရာ လူဦးရေနှင့် လိုအပ်ချက်မြင့်မားသော ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြို့ကြီးများကို အလေးထား၍ ပိုမိုခွဲတမ်းချ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
စားသုံးဆီဝယ်ယူမှုတွင် ပြည်သူများ မနစ်နာစေရန်နှင့် ဈေးကွက်တည်ငြိမ်စေရန် နိုင်ငံတော်မှ စိစစ်ဆောင်ရွက်နေ
Jul 11 • 10:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |

မော်လမြိုင်-ရန်ကုန် (DEMU) ရထားပေါ်တွင် အသက်ရှူကြပ်ဝေဒနာခံစားရသည့် ခရီးသည်အမျိုးသမီးအား ရထားဝန်ထမ်းများက ရထားရပ်တန့်၍ ကူညီပေးခဲ့
ရွှေကျင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရွှေကျင်ချောင်းရေမြင့်တက်လာသဖြင့် ညောင်ဝိုင်းရပ်ကွက်ရှိ နေအိမ်များမှ အိမ်ထောင်စုများကို မီးသတ်တပ်ဖွဲ့က ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့

