back

၄ ပွဲဆက် နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားထိပ်တွင် ISPE FC အသင်း ဆက်လက်ဦးဆောင်

Jul 08 • 7:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၄ ပွဲဆက် နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားထိပ်တွင် ISPE FC အသင်း ဆက်လက်ဦးဆောင်

Myanmar Women's League 2026-27 Week-4 ပွဲစဉ်အဖြစ် ယမန်နေ့က ပဒုမ္မာကွင်း၌ ကျင်းပခဲ့သည့် ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ပွဲစဉ်တွင် ISPE FC အသင်းက ...

Myanmar Women's League 2026-27 Week-4 ပွဲစဉ်အဖြစ် ယမန်နေ့က ပဒုမ္မာကွင်း၌ ကျင်းပခဲ့သည့် ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ပွဲစဉ်တွင် ISPE FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပွဲစတင်ကတည်းက နှစ်သင်းစလုံး ကြိုးပမ်းခဲ့ကြသော်လည်း အရန်လူအင်အား သာလွန်သည့် ISPE FC အသင်းက ပွဲကို ပိုမိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို ပွဲချိန် ၁၅ မိနစ်နှင့် ၄၀ မိနစ်တို့တွင် လင်းမြင့်မိုရ်နှင့် မိမိဇင်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခု ၄ ပွဲဆက် နိုင်ပွဲရလဒ်ကြောင့် ISPE FC အသင်းသည် စုစုပေါင်းရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ဦးဆောင်ရပ်တည်နေကြောင်း သိရသည်။

news-view-count-icon

17