back

မြန်မာနိုင်ငံမှ ဇွန်လအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၂၃,၇၁၄ တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၇၄ သန်းရရှိ

Jul 07 • 10:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံမှ ဇွန်လအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၂၃,၇၁၄ တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၇၄ သန်းရရှိ

မြန်မာနိုင်ငံမှ ဇွန်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁၄၅,၈၉၄ တန်နှင့် ဆန်ကွဲတန်ချိန် ၇၇,၈၂၀ တန် (စုစုပေါင်း ၂၂၃,၇၁၄ တန်) တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၇၄ သန...

မြန်မာနိုင်ငံမှ ဇွန်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁၄၅,၈၉၄ တန်နှင့် ဆန်ကွဲတန်ချိန် ၇၇,၈၂၀ တန် (စုစုပေါင်း ၂၂၃,၇၁၄ တန်) တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၇၄ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။ အဆိုပါတင်ပို့မှုတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၉,၉၄၃ တန်ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး၊ ဆန်ကွဲကို တရုတ်နိုင်ငံက တန်ချိန် ၃၁,၁၄၅ တန်ဖြင့် အများဆုံး ဝယ်ယူခဲ့ကာ ကုမ္ပဏီ ၄၇ ခု ပါဝင်တင်ပို့ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇွန်လအထိ ၃ လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၅၂၉,၅၃၄ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၆၇ သန်း ရရှိခဲ့ရာ ဇွန်လသည် တင်ပို့မှုပမာဏနှင့် ပို့ကုန်ဝင်ငွေ နှစ်မျိုးစလုံးတွင် အမြင့်ဆုံးရရှိသည့်လအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

31