ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အင်းစိန်မီးရထားခုံးကျော်တံတားအဆင်း လှိုင်မြစ်လမ်းရှိ ပေါက်တောချောင်းအား ရေစီးရေလာကောင်းမွန်စေရန်အတွက် Box Culvert တည်ဆောက်လျက်ရှိရာ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ဇူလိုင် ၄ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် မြို့တော်ဝန်သည် ဒလမြို့နယ်အတွင်းရှိ ဒလ-တွံတေးလမ်းအား မြဝတီမင်းကြီးလမ်းမှ ဒလတံတားအဆင်းလမ်းဆုံအထိ အရှည် ၁,၁၀၀ ပေ၊ အကျယ် ၁၂ ပေ ကွန်ကရစ်လမ်း တိုးချဲ့ခင်းနေမှု၊ ကမာကဆစ်ဈေး သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများနှင့် စက်မြေရပ်ကွက် ဆရာစံလမ်းဘေး ရေမြောင်းများအား စက်ယန္တရားများဖြင့် ဆယ်ယူရှင်းလင်းနေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့အတူ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဆောက်အအုံ ပြုပြင်မွမ်းမံနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ် ပေါက်တောချောင်း ရေစီးရေလာကောင်းမွန်ရေး Box Culvert တည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့တော်ဝန် ကြည့်ရှုစစ်ဆေး
Jul 06 • 10:38 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


