back

FIFA U-15 World Cup & Festival ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်း ဖွဲ့စည်းရန် ကစားသမားများ မကြာမီ ရွေးချယ်မည်

Jul 06 • 10:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

FIFA U-15 World Cup & Festival ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်း ဖွဲ့စည်းရန် ကစားသမားများ မကြာမီ ရွေးချယ်မည်

FIFA U-15 World Cup & Festival ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းအား မကြာမီ ဖ...

FIFA U-15 World Cup & Festival ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းအား မကြာမီ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကစားသမားရွေးချယ်ရေး အစီအစဉ်များကိုလည်း စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။ MFF သည် အရည်အချင်းရှိသည့် လူငယ်များကို စနစ်တကျ ရှာဖွေနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များ (RSFA)၊ ဒေသဆိုင်ရာ လေ့ကျင့်ရေးစင်တာများ (RTC) တို့နှင့် ပူးပေါင်းညှိနှိုင်းလျက်ရှိသည်။ ကစားသမားများ ရွေးချယ်ရာတွင် အသက်အရွယ် မှန်ကန်မှုနှင့် စာရွက်စာတမ်း အထောက်အထားများကို သေချာစွာ စိစစ်သွားမည်ဖြစ်ပြီး နည်းစနစ်ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ခြေစွမ်း၊ ကြံ့ခိုင်မှု၊ စည်းကမ်းပိုင်းတို့ကို အခြေခံကာ မျှတပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21