back

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက်လာ

Jul 05 • 1:37 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက်လာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းကျေးရွာအချို့၏ ရွာဘေးပတ်ဝန်းကျင်သို့ မြ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းကျေးရွာအချို့၏ ရွာဘေးပတ်ဝန်းကျင်သို့ မြစ်ရေများ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၄ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေသည် ၁,၃၉၃ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၃၀၇ စင်တီမီတာသာ လိုတော့ကြောင်း သိရသည်။ လက်ရှိတွင် မြစ်ရေဝင်ရောက်မှုမှာ စိုးရိမ်ရသည့်အခြေအနေ မရှိသေးသော်လည်း မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်သူများအနေဖြင့် မြစ်ရေကြီးခြင်းနှင့် ကမ်းပြိုဘေးအန္တရာယ်များကို သတိပြုကြရန် တာဝန်ရှိသူများက သတိပေးထားသည်။

news-view-count-icon

29