back

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ နေပြည်တော်၌ ကျင်းပ

Jul 01 • 12:50 PM

breaking-news

မြန်မာ

နေပြည်တော်

cover

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ နေပြည်တော်၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်...

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီး Recurve နှင့် Compound အမျိုးအစားများအလိုက် Ranking Round၊ အကြိုဗိုလ်လုပွဲများနှင့် ဗိုလ်လုပွဲများကို အားကစားသမားများက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲတွင် အမျိုးသား အတိုးတက်ဆုံးအားကစားသမားဆုကို မောင်မျိုးသူရမျိုးဆက်ကလည်းကောင်း၊ အမျိုးသမီး အတိုးတက်ဆုံးအားကစားသမားဆုကို မနီနီဝင်းကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

news-view-count-icon

11