back

စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့နယ်၌ Placement Test ဖြေဆိုပြီးနောက် အတန်းတင်ခွင့်ရရှိသူများနှင့် အတန်းတက်ခွင့်ရရှိသူများ စာရင်းထုတ်ပြန်

Jul 01 • 12:49 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့နယ်၌ Placement Test ဖြေဆိုပြီးနောက် အတန်းတင်ခွင့်ရရှိသူများနှင့် အတန်းတက်ခွင့်ရရှိသူများ စာရင်းထုတ်ပြန်

ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် ဇွန်လ ၁၅ ရက်က စတင်ကျင်းပခဲ့သည့် Placement Test စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ ကျော...

ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် ဇွန်လ ၁၅ ရက်က စတင်ကျင်းပခဲ့သည့် Placement Test စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ ကျောင်းသား/သူ ၁၈၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ၊ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့်ရလဒ်အရ တစ်ဆင့်မြင့်တန်း တက်ရောက်ခွင့်ရရှိသူ ၅၇ ဦးနှင့် ဖြေဆိုသည့် အတန်းများ၌ပင် ဆက်လက်တက်ရောက်ခွင့်ရရှိသူ ၁၃၀ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယင်းအနက် တစ်ဆင့်မြင့်တန်း တက်ရောက်ခွင့်ရရှိသူများတွင် Grade-2 ၌ ၁၅ ဦး၊ Grade-3 ၌ ၁၉ ဦး၊ Grade-4 ၌ ၁၅ ဦး၊ Grade-5 ၌ ၄ ဦးနှင့် Grade-6 ၌ ၄ ဦးစီ ပါဝင်ပြီး အဆိုပါ ကျောင်းသား/သူများအား ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

28