back

ပြည်တွင်း၌ Albutein ဆေးဝါးအတု ဈေးကွက်အတွင်း ပျံ့နှံ့နေ၍ ဝယ်ယူသုံးစွဲခြင်းမပြုရန် FDAအသိပေး

Jun 30 • 1:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ Albutein ဆေးဝါးအတု ဈေးကွက်အတွင်း ပျံ့နှံ့နေ၍ ဝယ်ယူသုံးစွဲခြင်းမပြုရန် FDAအသိပေး

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Grifols Biologicals LLC, USA ထုတ် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် ပုံပန်းသဏ္ဌာန်ဆင်တူပြီး IP Specific...

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Grifols Biologicals LLC, USA ထုတ် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် ပုံပန်းသဏ္ဌာန်ဆင်တူပြီး IP Specification ဟု ဖော်ပြထားသည့် ဆေးဝါးအတုများ ဈေးကွက်အတွင်း ရောင်းချနေမှုကို စိစစ်တွေ့ရှိထားသဖြင့် အများပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ထားသည်။ အဆိုပါဆေးဝါးသည် လူ့သွေးပလာစမာအတွင်းရှိ Albumin ပရိုတင်းဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသည့် သွေးကြောသွင်းဆေးရည်အမျိုးအစားဖြစ်ပြီး အရေးပေါ်နှင့် ပြင်းထန်သော ရောဂါအခြေအနေများတွင် ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့်သာ သွင်းပေးရသည့် ဆေးဝါးဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် IP Specification ဖော်ပြထားသော ဆေးဝါးအတုကို ဝယ်ယူသုံးစွဲခြင်းမပြုဘဲ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် (Registration Number) ပါရှိသော ဆေးဝါးစစ်စစ်များကိုသာ ဝယ်ယူအသုံးပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

63