back

Perkasa Flight School တွင် လေယာဉ်မှူးသင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား ၅ ဦး အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

Jun 29 • 8:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

Perkasa Flight School တွင် လေယာဉ်မှူးသင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား ၅ ဦး အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်အရ Commercial Pilot License (CPL)...

မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်အရ Commercial Pilot License (CPL) လေယာဉ်မောင်းသင်တန်း တက်ရောက်ကြမည့် မြန်မာကျောင်းသား ၅ ဦးသည် ဇွန်လ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သိရသည်။ အဆိုပါကျောင်းသားများသည် ဇွန်လ ၂၉ ရက်မှစတင်၍ သင်တန်းအပ်နှံခြင်းနှင့် မိတ်ဆက်အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းရှိ Cilacap မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

30