back

မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများ ရာနှုန်းပြည့်အောင်မြင်

Jun 29 • 8:10 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများ ရာနှုန်းပြည့်အောင်မြင်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာနမှ အကျဉ်းသား ၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၀ ဦးစလုံး ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး ၎င်းတို့အနက် ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာနမှ အကျဉ်းသား ၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၀ ဦးစလုံး ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး ၎င်းတို့အနက် သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁ ဦးဖြင့် အားလုံးဂုဏ်ထူးအသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ယခုနှစ် မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၄၅,၆၃၅ ဦး ရှိသည့်အနက် ၂၈,၃၉၃ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၂၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

25