back

မြန်မာအမျိုးသမီးအသင်း တရုတ်အိုးပင်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ၂ ခု ထပ်မံဆွတ်ခူး

Jun 29 • 2:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသမီးအသင်း တရုတ်အိုးပင်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ၂ ခု ထပ်မံဆွတ်ခူး

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်စီမြို့တွင် ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် တရုတ်အိုးပင်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China Sepaktakraw Open of Lanca...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်စီမြို့တွင် ဇွန်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် တရုတ်အိုးပင်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China Sepaktakraw Open of Lancang - Mekong Cooperation) တွင် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ငွေတံဆိပ်ဆု ၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ မြန်မာအသင်းသည် သုံးယောက်တွဲ (Women Regu) နှင့် လေးယောက်တွဲ (Women Quadrant) အမျိုးအစားနှစ်ခုလုံးတွင် တရုတ် (A)၊ တရုတ် (B)၊ လာအိုအသင်းတို့နှင့် အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးအစားနှစ်ခုစလုံးတွင် အိမ်ရှင် တရုတ် (A) အသင်းက ရွှေတံဆိပ်နှင့် မြန်မာအသင်းက ငွေတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးခဲ့ကြသည်။မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ယခုပြိုင်ပွဲမတိုင်မီ ဇွန်လ ၂၁ ရက်မှ ၂၃ ရက်အထိ ဂွမ်ဇူးပြည်နယ် (Guizhou)၊ Huishui County တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံတကာဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (China International Sepaktakraw Open 2026) တွင်လည်း လေးယောက်တွဲအမျိုးအစား၌ ရွှေတံဆိပ်နှင့် သုံးယောက်တွဲအမျိုးအစား၌ ကြေးတံဆိပ်ဆု ၁ ခုစီ ဆွတ်ခူးနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းအနေဖြင့် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ပွဲပေါင်း၌ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄ ခုအထိ ရရှိကာ အောင်မြင်မှုမှတ်တမ်းစိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

21