back

မုတ်သုံလေ အားကောင်းနေ၍ ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

Jun 26 • 8:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ်သုံလေ အားကောင်းနေ၍ ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် နေပြည်တော်တွင် နေရာကွက်၍ မိုးကြီးခဲ့ကာ၊ ကျိုက်မရောမြို့တွင် ၃ ဒသမ ၅၃ လက်မနှင့် မုဒုံမြို့တွင် ၃ ဒသမ ၄၃ လက်မအပါအဝင် မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့အချို့တွင် မိုးရေချိန်စံချိန်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။

news-view-count-icon

35