back

နိုင်ငံတကာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် လက်ရွေးစင်နှင့် ယူ-၁၉ ကစားသမားများ ပါဝင်သည့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ကျင်းပ

Jun 24 • 10:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံတကာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် လက်ရွေးစင်နှင့် ယူ-၁၉ ကစားသမားများ ပါဝင်သည့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက ကြီးမှူး၍ နိုင်ငံတကာအိုလံပစ်နေ့ (Olympic Day Movement 2026) အထိမ်းအမှတ် အမျိုးသမီးဖူဆ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက ကြီးမှူး၍ နိုင်ငံတကာအိုလံပစ်နေ့ (Olympic Day Movement 2026) အထိမ်းအမှတ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို MFF Futsal Stadium ၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်ကစားသမားများနှင့် ပဏာမ ယူ-၁၉ အသင်းမှ ကစားသမားများကို အသင်းသုံးသင်းခွဲ၍ ယှဉ်ပြိုင်ကစားစေခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝမြှင့်တင်ရေးနှင့် လူငယ်များ အားကစားတွင် ပိုမိုပါဝင်လာစေရေးတို့ကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

25