back

ဒိုမီနီကန်ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အီတလီအမျိုးသမီးတစ်ဦး သေဆုံးပြီး ခရီးသွား ၁,၇၀၀ နီးပါး အရေးပေါ် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

Jun 21 • 7:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒိုမီနီကန်ကမ်းခြေဟိုတယ် မီးလောင်မှုကြောင့် အီတလီအမျိုးသမီးတစ်ဦး သေဆုံးပြီး ခရီးသွား ၁,၇၀၀ နီးပါး အရေးပေါ် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

ဒိုမီနီကန်သမ္မတနိုင်ငံ၏ နာမည်ကျော်ကမ်းခြေအပန်းဖြေဒေသ Bayahibe ရှိ Viva Wyndham Dominicus Beach ဟိုတယ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၄၆ နှစ်အ...

ဒိုမီနီကန်သမ္မတနိုင်ငံ၏ နာမည်ကျော်ကမ်းခြေအပန်းဖြေဒေသ Bayahibe ရှိ Viva Wyndham Dominicus Beach ဟိုတယ်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၄၆ နှစ်အရွယ် အီတလီအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ခရီးသွားဧည့်သည် ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဇွန်လ ၂၀ ရက်တွင် ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ အရေးပေါ်ဆေးဘက်ဆိုင်ရာဌာန (DAEH) ၏ ထုတ်ပြန်ချက်အရ အဆိုပါမီးလောင်မှုအတွင်း လူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပြီး အခြားခြောက်ဦးကို အခင်းဖြစ်ရာနေရာ၌ပင် အရေးပေါ်ကုသမှုပေးခဲ့ရကာ၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဟိုတယ်ဧည့်သည်များ၊ ခရီးသွားများနှင့် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

27