back

Miss Universe Myanmar 2026 သရဖူကို ဘားအံကိုယ်စားပြုအလှမယ် မေဂရက်စ်ပါရီ ဆွတ်ခူး

Jun 18 • 2:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

Miss Universe Myanmar 2026 သရဖူကို ဘားအံကိုယ်စားပြုအလှမယ် မေဂရက်စ်ပါရီ ဆွတ်ခူး

ဇွန်လ ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Hexagon Complex တွင် ကျင်းပခဲ့သည့် Miss Universe Myanmar 2026 ပြိုင်ပွဲကြီးတွင် ဘားအံကိုယ်စားပြု အလှမယ် မေဂရက်စ်ပါရီ (May ...

ဇွန်လ ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Hexagon Complex တွင် ကျင်းပခဲ့သည့် Miss Universe Myanmar 2026 ပြိုင်ပွဲကြီးတွင် ဘားအံကိုယ်စားပြု အလှမယ် မေဂရက်စ်ပါရီ (May Grace Parry) က အလှမယ် ၃၈ ဦးအနက်မှ သရဖူကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ National Director ကိုထူးအံ့လွင် ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် 1st Runner-up အဖြစ် ဟန်သိမ့်သိမ့်အောင် (တောင်ငူ) နှင့် 2nd Runner-up အဖြစ် ကျော်ကျော်အိန္ဒြာ (ရန်ကုန်အနောက်ပိုင်း) တို့က အသီးသီး ရွေးချယ်ခံခဲ့ရသည်။ သရဖူရှင်သစ်ဖြစ်လာသည့် မေဂရက်စ်ပါရီသည် ယခုနှစ်နှောင်းပိုင်းတွင် ပေါ်တိုရီကို (Puerto Rico) နိုင်ငံ၌ ကျင်းပမည့် သမိုင်းဝင် ၇၅ ကြိမ်မြောက် စိန်ရတု မစ်ယူနီဗာ့စ်ပြိုင်ပွဲကြီး (75th Anniversary Diamond Edition) သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

141