back

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် MRF ဖိတ်ခေါ်

Jun 16 • 8:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (REZ) စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် MRF ဖိတ်ခေါ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်း၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု Export...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်း၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု Export Value Chain နှင့် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် “ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone-REZ)” စီမံကိန်းတွင် ပူးပေါင်းပါဝင်ကြရန် MRF က ဇွန်လ ၁၅ ရက်တွင် ဖိတ်ခေါ်ထုတ်ပြန်လိုက်သည်။ အဆိုပါစီမံကိန်းအတွက် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး၊ ပူးပေါင်းပါဝင်မည့် ပို့ကုန်လုပ်ငန်းရှင်များကလည်း တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အပြန်အလှန် အကျိုးပြုစာချုပ်စာတမ်းစနစ် (Contract Farming) ဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

33