back

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တွင် လမ်းလျှောက်နေသူအား လူမှုကူညီရေးအသင်းကားက တိုက်မိကာ လမ်းခုလတ်တွင် ဆီပြတ်၍ ဆေးရုံပို့နောက်ကျကာ သေဆုံး

Jun 15 • 3:26 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တွင် လမ်းလျှောက်နေသူအား လူမှုကူညီရေးအသင်းကားက တိုက်မိကာ လမ်းခုလတ်တွင် ဆီပြတ်၍ ဆေးရုံပို့နောက်ကျကာ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် နေပြည်တော်သို့ လူနာပို့ပြီးပြန်လာသည့် လူမှုကူညီရေးအသင်းကားတစ်စီးက လမ်းလျှောက်နေသူအား နောက်မှဝင်တိုက်မိပြီးနောက် လမ်းတွင...

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် နေပြည်တော်သို့ လူနာပို့ပြီးပြန်လာသည့် လူမှုကူညီရေးအသင်းကားတစ်စီးက လမ်းလျှောက်နေသူအား နောက်မှဝင်တိုက်မိပြီးနောက် လမ်းတွင် ဆီပြတ်တောက်ကာ ဆေးရုံသို့ ပို့ဆောင်မှုကြန့်ကြာခဲ့သဖြင့် လူနာသေဆုံးမှုတစ်ရပ် ဇွန်လ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တောင်ငူမြို့အခြေစိုက် Save The Trees (S.T.T) လူမှုကူညီရေးအသင်းကားသည် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မောင်းနှင်လာစဉ် ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာ လမ်းမပေါ်၌ အဆိုပါအမျိုးသားအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် နီးစပ်ရာ ရေတာရှည်ဆေးရုံသို့ ချက်ချင်းမပို့ဘဲ ဝေးလံသည့် တောင်ငူဆေးရုံသို့ ကျော်လွန်တင်ဆောင်လာခဲ့သည့်အပြင်၊ လမ်းခုလတ်၌ ကူညီရေးအသင်းကား ဆီပြတ်သွားသဖြင့် လူနာတင်လျက်သားဖြင့် နာရီဝက်ခန့် လမ်းတွင် ရပ်တန့်နေခဲ့ရသည်။ ထို့ကြောင့် အရေးပေါ်ဆေးကုသခွင့်ရမည့်အချိန် ကြန့်ကြာသွားကာ တောင်ငူဆေးရုံသို့ ရောက်ရှိချိန်တွင် လူနာမှာ သေဆုံးသွားခဲ့ပြီဖြစ်၍ ၎င်းဖြစ်စဉ်အပေါ် မိသားစုဝင်များနှင့် ဒေသခံများက ဝေဖန်ကန့်ကွက်လျက်ရှိသည်။ လက်ရှိတွင် မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေစေခဲ့သည့် ယာဉ်မောင်းအား ရေတာရှည်မြို့မရဲစခန်း၌ ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

news-view-count-icon

22