back

ရှမ်းပြည်နယ် မောက်မယ်မြို့အနီး အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

Jun 15 • 2:26 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် မောက်မယ်မြို့အနီး အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

၂၀၂၆ ခုနှစ်၊ယနေ့ ဇွန်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် (၀၂) နာရီ (၃၇) မိနစ် (၅၉) စက္ကန့်အချိန်တွင် ရှမ်းပြည်နယ်၊ မောက်မယ်မြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ...

၂၀၂၆ ခုနှစ်၊ယနေ့ ဇွန်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် (၀၂) နာရီ (၃၇) မိနစ် (၅၉) စက္ကန့်အချိန်တွင် ရှမ်းပြည်နယ်၊ မောက်မယ်မြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ မြေငလျင်သည် နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မောက်မယ်မြို့၏ အရှေ့တောင်ဘက် ၂၁ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၀၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၉၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ပမာဏ ၄.၅ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုအဖြစ် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း တိုင်းထွာရရှိထားသည်။

news-view-count-icon

27