back

မြန်မာအမျိုးသမီးလိဂ်ချန်ပီယံ ဧရာဝတီအသင်း အာရှနှင့် ပြည်တွင်းပြိုင်ပွဲများအတွက် နိုင်ငံခြားကစားသမား ၃ ဦးအထိ ခေါ်ယူအားဖြည့်

Jun 15 • 1:57 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသမီးလိဂ်ချန်ပီယံ ဧရာဝတီအသင်း အာရှနှင့် ပြည်တွင်းပြိုင်ပွဲများအတွက် နိုင်ငံခြားကစားသမား ၃ ဦးအထိ ခေါ်ယူအားဖြည့်

ယခုရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲဝင်မည့် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာရှနှင့် ပြည်တွင်း...

ယခုရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲဝင်မည့် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာရှနှင့် ပြည်တွင်းပြိုင်ပွဲများအတွက် နိုင်ငံခြားကစားသမား ၃ ဦးအထိ ခေါ်ယူစာချုပ်ထားကြောင်း သိရသည်။ ဧရာဝတီအသင်းသည် ယခုနှစ်ပြိုင်ပွဲဝင် ၁၀ သင်းအနက် နိုင်ငံခြားကစားသမား ခေါ်ယူထားသည့် တစ်ဦးတည်းသော အသင်းလည်း ဖြစ်သည်။

အသင်းက ခေါ်ယူထားသည့် နိုင်ငံခြားကစားသမားများမှာ ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၄၀ ကျော် ကစားထားသည့် အသက် ၂၂ နှစ်အရွယ် ဘယ်တောင်ပံနှင့် ကွင်းလယ်တိုက်စစ်ကစားသမား ရီတုပေါ်နာချက်မား၊ ပြီးခဲ့သည့်ရာသီက ဧရာဝတီအသင်းတွင် ရာသီဝက်အငှားလာရောက်ကစားကာ အသင်းအား ချန်ပီယံဖြစ်အောင် ပံ့ပိုးပေးခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဖိလစ်ပိုင်လက်ရွေးစင် ကွင်းလယ်လူ အလစ်ဆာအူဘေးနှင့် ထိုင်း ယူ-၁၇၊ ယူ-၂၀ လူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် ထိုင်းအမျိုးသမီးကလပ် ဖာရာနာခွန်အသင်းမှ ကာလတိုအငှားစနစ်ဖြင့် လာရောက်ပူးပေါင်းသည့် ခိုပွန်တို့ ဖြစ်ကြသည်။လက်ရှိချန်ပီယံ ဧရာဝတီအသင်းသည် ပြည်တွင်းလိဂ်အပြင် အာရှအမျိုးသမီးချန်ပီယံလိဂ် (AWCL) ပြိုင်ပွဲကိုပါ ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် ယခုကဲ့သို့ အာဆီယံနှင့် တောင်အာရှဒေသတွင်းမှ လက်ရွေးစင်ကစားသမားများကို ခေါ်ယူကာ အင်အားဖြည့်တင်းထားခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

59