back

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မေထက်လူကို မြန်မာအမျိုးသမီးလိဂ်ချန်ပီယံ ဧရာဝတီအသင်း ခေါ်ယူ

Jun 15 • 1:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မေထက်လူကို မြန်မာအမျိုးသမီးလိဂ်ချန်ပီယံ ဧရာဝတီအသင်း ခေါ်ယူ

လာမည့် မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲနှင့် အာရှအမျိုးသမီးချန်ပီယံလိဂ် (AWCL) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ဧရာဝတီအမျိုးသမီးဘောလုံးအသင်းသည် မြန...

လာမည့် မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲနှင့် အာရှအမျိုးသမီးချန်ပီယံလိဂ် (AWCL) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ဧရာဝတီအမျိုးသမီးဘောလုံးအသင်းသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ တိုက်စစ်မှူး မေထက်လူကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း သိရသည်။မြန်မာအမျိုးသမီးလိဂ်၏ လက်ရှိချန်ပီယံဖြစ်သော ဧရာဝတီအသင်းသည် ရှေ့လုပ်ငန်းစဉ်ပြိုင်ပွဲများအတွက် ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်ခေါ်ယူမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိရာ ယခုအခါတွင် အသင်း၏တိုက်စစ်ပိုင်း ပိုမိုကောင်းမွန်လာစေရန်အတွက် လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ထပ်မံခေါ်ယူကာ အားဖြည့်ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

news-view-count-icon

86