၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade 12) အောင်စာရင်း ထွက်ရှိလာပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ရန် ပညာရေးဝန်ကြီးဌာနက https://result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် အောင်စာရင်းများကို တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် တစ်ပြိုင်နက်တည်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး စာစစ်ဌာနအလိုက် ကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်လည်း ရှိနေမည်ဖြစ်သည်။လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာအချို့၌ "အောင်စာရင်း ကြိုတင်ကြည့်ပေးမည်" ဟုဆိုကာ လိမ်လည်နေသည့် Page များ ပလူပျံနေသဖြင့် ပြည်သူများ သတိပြုကြရန်နှင့် ဌာန၏ လုပ်ထုံးလုပ်နည်းအရ တရားဝင်မကြေညာခင် အောင်စာရင်း ပေါက်ကြားရန် လုံးဝမဖြစ်နိုင်ကြောင်း စာစစ်ဦးစီးဌာနက သတိပေးထားသည်။ အောင်စာရင်း ထွက်ရှိမည့်ရက် အသေးစိတ်ကို အချိန်တန်ပါက တရားဝင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ရန် ဝက်ဘ်ဆိုက်၌ တင်ပေးဖို့ ပညာရေးဝန်ကြီးဌာန စီစဉ်နေ
Jun 15 • 1:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 116 | 0 | 0 | 0 |


