၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၉) မိနစ် (၄၁) စက္ကန့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ မြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၁၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒဂုံမြို့သစ်၏ အရှေ့-အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၈၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၈) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ပမာဏ ၃.၁ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုအဖြစ် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း တိုင်းထွာရရှိထားသည်။
Jun 15 • 1:37 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


