back

မန္တလေးတိုင်း၊မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ကရက် ၇ သောင်းကျော်ရှိ နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို နိုင်ငံတော်ထံ အပ်နှံ

Jun 15 • 1:35 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ကရက် ၇ သောင်းကျော်ရှိ နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို နိုင်ငံတော်ထံ အပ်နှံ

မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ၂၀၂၀ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် အလေးချိန် ၁၄,၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) ရှိသော နီလာအရိုင်းတုံးကြီးနှင့် ၃၅၄.၇၇ ဂရမ် (၁,၇၇၃.၈၅ ကရက...

မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ၂၀၂၀ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် အလေးချိန် ၁၄,၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) ရှိသော နီလာအရိုင်းတုံးကြီးနှင့် ၃၅၄.၇၇ ဂရမ် (၁,၇၇၃.၈၅ ကရက်) ရှိသော နီလာပုံဆောင်ခဲတို့ကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့ရာ ဇွန်လ ၁၄ ရက် ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေးပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ယခုအပ်နှံသည့် နီလာအရိုင်းတုံးကြီးသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တွေ့ရှိခဲ့ဖူးသော ၅၉,၃၈၅ ကရက်ရှိ နီလာရိုင်းတုံးထက် သိသိသာသာ ပိုမိုကြီးမားပြီး ရှားပါးလှသည့် ရတနာတစ်တုံး ဖြစ်သည်။ ၎င်းသည် ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်း အပြာရင့်ရောင်ရှိပြီး အလင်းမှုန်အဆင့် အလင်းပေါက်နိုင်စွမ်းရှိသော ထူးခြားလှပသည့် နီလာအရိုင်းတုံးကြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

28