back

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာ(အရှေ့ပိုင်း)၌ ကျပ် ၈၆ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၄,၃၀၀ ပြားနှင့်အတူ တရားခံ ၄ ဦး ဖမ်းဆီးရမိ

Jun 14 • 11:28 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာ(အရှေ့ပိုင်း)၌ ကျပ် ၈၆ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၄,၃၀၀ ပြားနှင့်အတူ တရားခံ ၄ ဦး ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျုံစု(တိုးချဲ့)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၃ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရ...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျုံစု(တိုးချဲ့)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၃ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ် ၈၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄,၃၀၀ ပြား၊ မြန်မာငွေကျပ် ၂၀,၀၀၀ နှင့်အတူ လင်းလင်းနိုင်၊ မသန္တာအောင်၊ မသိမ့်သိမ့်ထွန်း(ခ)ပြည့်ပြည့် နှင့် မအိခိုင်ဇင်(ခ)အမွေစိန် တို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် ၎င်းတို့ ၄ ဦးအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်လှစ်ကာ ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

20