ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇွန်လ ၁၄ ရက် (ယနေ့) နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိ "နေ့ဝိုင်း" နေရာတွင် လမ်းမများနှင့် မြေနိမ့်ပိုင်းကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ လက်ရှိတွင် မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်ရာ ဖားကန့်ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် တောင်ကျရေအန္တရာယ်၊ လျှပ်တစ်ပြက်ရေကြီးမှုများနှင့် မြေစာပုံပြိုကျမှုအန္တရာယ်များကို အထူးဂရုပြု နေထိုင်ကြရန် နှိုးဆော်ထားကြသည်။
ကချင်ပြည်နယ်၊ဖားကန့်မြို့၌ ဇွန်လ ၁၄ ရက် (ယနေ့) မွန်းတည့်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး နေ့ဝိုင်းနေရာ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွား
Jun 14 • 11:27 AM
မြန်မာ
ကချင်
မျှဝေမည်
| 47 | 0 | 0 | 0 |


