back

သွေးလွန်တုပ်ကွေးကာလဖြစ်၍ ကလေးငယ်များ ဖျားနာပါက အိမ်တွင်းကုသမှုမပြုဘဲ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီပြသရန် ကျန်းမာရေးဝန်ထမ်းများ တိုက်တွန်း

Jun 14 • 11:26 AM

breaking-news

မြန်မာ

မွန်

cover

သွေးလွန်တုပ်ကွေးကာလဖြစ်၍ ကလေးငယ်များ ဖျားနာပါက အိမ်တွင်းကုသမှုမပြုဘဲ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီပြသရန် ကျန်းမာရေးဝန်ထမ်းများ တိုက်တွန်း

မွန်ပြည်နယ်အတွင်း အသက် ၁၅ နှစ်အောက် ကလေးငယ်များ၌ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီဖြစ်ရာ ကလေးငယ်များ ဖျားနာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းပ...

မွန်ပြည်နယ်အတွင်း အသက် ၁၅ နှစ်အောက် ကလေးငယ်များ၌ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီဖြစ်ရာ ကလေးငယ်များ ဖျားနာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းပြသကြရန်နှင့် အိမ်တွင်း၌ ကိုယ်တိုင်ကုသမှုများ မပြုလုပ်ကြရန် ကျန်းမာရေးဝန်ထမ်းများက သတိပေးနှိုးဆော်ထားသည်။ လက်ရှိတွင် ရောဂါဖြစ်ပွားမှုနှုန်း နည်းပါးနေသေးသော်လည်း ကလေးအုပ်ထိန်းသူများအနေဖြင့် မပေါ့လျော့ဘဲ အထူးဂရုပြုရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အဆင့် ၁ နှင့် ၂ အစောပိုင်းကာလများတွင် အချိန်မီကုသမှုခံယူရန် လိုအပ်ပြီး၊ ရောဂါရင့်သည့် အဆင့် ၃ နှင့် ၄ အထိ ရောက်ရှိသွားပါက အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလနှင့် ဇွန်လအတွင်းကလည်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁,၀၀၀ ဝန်းကျင်ခန့် ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

19