back

မွန်ပြည်နယ် မော်လမြိုင်၌ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

Jun 14 • 11:25 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ် မော်လမြိုင်၌ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အ...

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ ၁၄ ရက် (ယနေ့) နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၏ သွေးလှူဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ တက်ရောက်ကာ မွန်ပြည်နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၏ သွေးလှူဒါန်းနေမှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဆေးစစ်ချက်လုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး၊ သွေးလှူဒါန်းသူများအတွက် အားဆေးများ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

news-view-count-icon

26