back

မြန်မာ့ဝဥများ တရုတ်သို့ တင်ပို့နိုင်ရေးနှင့် သစ်သီးဝလံကုန်သွယ်မှု မြှင့်တင်ရန် ယူနန်ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး

Jun 14 • 11:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ့ဝဥများ တရုတ်သို့ တင်ပို့နိုင်ရေးနှင့် သစ်သီးဝလံကုန်သွယ်မှု မြှင့်တင်ရန် ယူနန်ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းသူများအသင်း (MFVP) တာဝန်ရှိသူများသည် မြန်မာ့သစ်သီးဝလံကဏ္ဍ ဖွံ့ဖြိုးတိုးတက်...

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းသူများအသင်း (MFVP) တာဝန်ရှိသူများသည် မြန်မာ့သစ်သီးဝလံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ပူးပေါင်းချိတ်ဆက်ရန် ဇွန်လ ၉ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အသင်းဝင်ကုမ္ပဏီတစ်ခုမှ မြန်မာ့ဝဥများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး အထွေထွေပူးပေါင်းဆောင်ရွက်မှု MoU ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် 10th China-South Asia Expo နှင့် 30th Kunming Import & Export Fair တို့သို့ တက်ရောက်၍ စီးပွားရေးမိတ်ဖက်အသစ်များနှင့် ချိတ်ဆက်ခဲ့ကြပြီး၊ ကူမင်းမြို့ရှိ သစ်သီးလက်ကားဈေးကြီးများသို့ သွားရောက်ကာ မြန်မာ့သစ်သီးဝလံများ အရည်အသွေးမြင့်မားစွာ ဈေးကွက်ရရှိရေး၊ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေးတို့အတွက် ယူနန်ကုန်သည်များနှင့် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

27