back

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Jun 14 • 9:20 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တော်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့် လ...

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တော်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၄ ရက် (ယနေ့) တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့က လူငယ်ကဏ္ဍဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လူငယ်များ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ပုသိမ်မြို့တွင် လူငယ်စင်တာ (Youth Center) ဖွင့်လှစ်ရန် အစီအစဉ်ရေးဆွဲထားကြောင်းနှင့် မဟာဗျူဟာထဲတွင် လူငယ်လုပ်ငန်းရှင်များကဏ္ဍလည်း ပါဝင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

19