၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်း၏ ကစားသမားများကို အမေရိကန်အစိုးရက ဗီဇာခွင့်ပြုပေးခဲ့သော်လည်း ကနဦးတွင် အသင်းအဖွဲ့ဝင် ၁၅ ဦးကို ဗီဇာထုတ်ပေးရန် ငြင်းဆန်ခဲ့သဖြင့် မက္ကဆီကိုနိုင်ငံ၌ အခြေစိုက်လေ့ကျင့်နေသည့် အီရန်အသင်းက ဗီဇာငြင်းပယ်ခံရသူများအနက် ၁၀ ဦးအတွက် ပြန်လည်လျှောက်ထားခဲ့ရာ နည်းစနစ်အဖွဲ့ဝင်နှင့် နိုင်ငံတကာရေးရာ တာဝန်ရှိသူ အပါအဝင် ၄ ဦးသာ ဗီဇာထပ်မံရရှိခဲ့ကြောင်း သိရသည်။ ဗီဇာထပ်မံငြင်းပယ်ခံရသူ ၆ ဦးတွင် ယခင်ကလည်း အုပ်စုမဲခွဲပွဲနှင့် FIFA ကွန်ဂရက်များ တက်ရောက်ခွင့် လွဲချော်ခဲ့ဖူးသည့် အီရန်ဘောလုံးအဖွဲ့ချုပ် (FFIRI) ဥက္ကဋ္ဌ မက်ဒီတာ့ဂျ်၊ ဒုဥက္ကဋ္ဌ၊ စီမံခန့်ခွဲသူများနှင့် လုံခြုံရေးတာဝန်ရှိသူတို့ ပါဝင်ပြီး ကျန်အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၁ ဦးမှာ ပြည်ဝင်ခွင့်မရရှိခဲ့ကြောင်း သိရသည်။
အီရန်အသင်းအဖွဲ့ဝင် ၄ ဦး အမေရိကန်ဗီဇာ ထပ်မံရရှိသော်လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် ၁၁ ဦး ပြည်ဝင်ခွင့် ငြင်းပယ်ခံရဆဲဖြစ်
Jun 14 • 9:19 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


