ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇွန်လ ၁၃ ရက် ညနေပိုင်းက စိုင်းအခုန်း မောင်းနှင်လာသည့် Ford Ranger ယာဉ်သည် ရှေ့မှ လားရာတူ မောင်းနှင်နေသော ဘေးတွဲဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ အောင်နိုင်ဝင်းမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ပြင်းထန်ဒဏ်ရာများရရှိကာ ဆေးရုံ၌ ကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည့် ယာဉ်မောင်း စိုင်းအခုန်းအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ နာရီပိုင်းအတွင်း မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် တာချီလိတ်မြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်၌ ဘေးတွဲဆိုင်ကယ်ကို ဝင်တိုက်ပြီး မောင်းပြေးသည့် ကားသမားအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ၊ ဆိုင်ကယ်မောင်းသူ သေဆုံး
Jun 14 • 9:17 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


