မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တန်းသည် ဇွန်လ ၁၃ ရက် (ယမန်နေ့) က မြစ်ကြီးနားမြို့သို့ တတိယအကြိမ်မြောက်အဖြစ် ထပ်မံရောက်ရှိလာကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ရေးခရီးစဉ်ကို ပထမအကြိမ်အဖြစ် မေလ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေလ ၃၁ ရက်တွင်လည်းကောင်း ပေးပို့ခဲ့ပြီးဖြစ်ကာ ယခုတတိယအကြိမ်တွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ ပါဝင်ကြောင်း သိရသည်။
မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ ပြန်လည်ထူထောင်ရေးအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိ
Jun 14 • 9:14 AM
မြန်မာ
ကချင်
မျှဝေမည်
| 19 | 0 | 0 | 0 |


