မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းသည် ထိုင်းနိုင်ငံ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း၏ အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ အသက် ၁၇ နှစ်အရွယ် နတ်ချာနော့ခ် (Nachanok Kosonsaksakul) ကို ယခုရာသီအတွက် အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ထိုင်း ယူ-၁၇ နှင့် ယူ-၂၀ လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသည့် ခြေစွမ်းပြည့်ဝသူဖြစ်ပြီး၊ ပြည်ပအတွေ့အကြုံအနေဖြင့် ထိုင်းကလပ် ဖရာနာခွန်အသင်းအပြင် အမေရိကန်အခြေစိုက် စတန်တွန်တက္ကသိုလ်အသင်းတွင်လည်း သွားရောက်ကစားခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းက ထိုင်း ယူ-၂၀ လက်ရွေးစင် တိုက်စစ်ကစားသမား နတ်ချာနော့ခ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူအားဖြည့်
Jun 14 • 9:13 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 18 | 0 | 0 | 0 |


