ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ စမ်းချောက်ကုလားကုန်းကျေးရွာရှိ မြောင်းမြ - ပြင်ရွာ သွားကားလမ်းဘေးတွင် ဇွန်လ ၁၄ ရက် (ယနေ့) နံနက် ၁၁ နာရီခန့်က သစ်ပင်လဲကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုမရှိစေရန်နှင့် သွားလာရေးအဆင်ပြေစေရန်အတွက် သတင်းရရှိရခြင်းတွင် မြောင်းမြမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ - ပြင်ရွာ ကားလမ်းဘေးတွင် သစ်ပင်လဲကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်း
Jun 14 • 9:11 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 18 | 0 | 0 | 0 |


